Avatar စက်ရုပ် ဂျပန်တီထွင်





ထိန်းချုပ်သူလူသားလှုပ်ရှား သည့်အတိုင်း တစ်သဝေမတိမ်းလှုပ်ရှားနိုင်သော စက်ရုပ်တစ်မျိုးကို ဂျပန်နိုင်ငံမှပညာရှင်များက တီထွင်လိုက်ကြောင်း သိရသည်။

TELESAR V ဟု အမည်ပေးထားသော စက်ရုပ်ကို......
ထိန်းချုပ်သူသည် မိမိလှုပ်ရှားမှုအတိုင်းစက်ရုပ်ကို လှုပ်ရှားစေနိုင်ရုံမျှမက စက်ရုပ်မြင်တွေ့ကြားသိရသည့်အတိုင်း ကြားသိခံစားနေရမည်ဖြစ်သောကြောင့် ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင် Avatar ဇာတ်ကားကို ရည်ညွှန်းပြီး Avatar စက်ရုပ်ဟု မီဒီယာများက ခိုင်းနှိုင်းသုံးနှုန်းခဲ့ကြသည်။

''ကိရိယာပစ္စည်းတွေကို ကိုယ်မှာတပ်ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်တဲ့အခါ ကျွန်တော် လက်လှုပ်ရင် စက်ရုပ်လည်းလက်လှုပ်တယ်။ ကျွန်တော့်ခေါင်းကိုရွှေ့ပြီး ဟိုကြည့်ဒီကြည့်တဲ့အခါ ကျွန်တော့်မြင်ကွင်းက မမြင်ရတဲ့ပုံရိပ်တွေကို စက်ရုပ်ရဲ့မြင်ကွင်းကနေ မြင်ရပါတယ်။ ကိုယ်တိုင် စက်ရုပ်တစ်ကောင်လို ဖြစ်သွားရတဲ့ ခံစားချက်မျိုး ခံစားမိစေပါတယ်''ဟု တီထွင်မှုတွင်ပါဝင်သော သုတေသနပညာရှင် ရှောကာမူရိုက ပြောကြားခဲ့သည်။

ယင်းစက်ရုပ်ကို ကဲအိယိုတက္ကသိုလ်မှ ပါမောက္ခဆူဆူမူတာချီ ဦးဆောင်သောအဖွဲ့က တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ စက်ရုပ်ထိတွေ့သည့်အတိုင်း ခံစားနိုင်ရန် ထိန်းချုပ်သူ၏ လက်တွင် လျှပ်ကူးပစ္စည်းများ၊ မော်တာစက်ငယ်များပါဝင်သည့် ပိုလီယက်စ်တာလက်အိတ်ကို စွပ်ထားရမည်ဖြစ်သလို အမြင်နှင့်အကြားကို စက်ရုပ်အတိုင်းခံစားနိုင်ရန် အထူးပြုလုပ်ထားသော မျက်မှန်နှင့် နားကြပ်တပ်ရမည်ဖြစ်သည်။                                          

                                                                                                            copy from www.weeklyeleven.com
                

Post a Comment

Previous Post Next Post