Online Radio မ်ားစုစည္းမူ ့



အွန်လိုင်း ရေဒီယိုတွေ ကို တစ်စုတစ်စည်းတည်း ကြိုက်ရာရွေးနားထောင်လို့ရတဲ့ application လေး နဲ့ မိတ်ဆက်ပေးပါရစေ..
ဘာမှတော့ ထူးထူးုခြားခြားမဟုတ်ပါဘူး.. မြန်မာ အွန်လိုင်း ရေဒီယို တွေ ကျနော် ရှာဖွေထားမိသလောက် ၈ ခု နဲ့ မမီးမီးကူရှာပေးတဲ့ နောက်တစ်ခု စုစုပေါင်း ၉ ခုကို စုစည်းပြီး application လေးတစ်ခုဖန်တီးလိုက်ခြင်းပါပဲ
ထပ်ပြီး ရှိနေသေးတဲ့ ရေဒီယိုတွေ သိရင်လည်း ပြောပြပေးကြပါ.. ကျနော် ထပ်ပေါင်းထည့်ပေးပါ့မယ်


လက်ရှိ နားထောင်လို့ရတဲ့ အွန်လိုင်း ရေဒီယို ၉ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..


၁။ ဗုဒ္ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၄။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)

၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community


သက်ဆိုင်ရာ ရေဒီယို ဆိုက်များရဲ့ အွန်လိုင်း ရေဒီယို လင့်ကို ယူသုံးထားတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ဆိုက်ပိုင်ရှင်များကိုတော့ ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ်.. ဆိုက်ပိုင်ရှင်များအနေနဲ့တော့ နားထောင်သူ ဦးရေ တိုးလာမှာ ဖြစ်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့တော့ ယူဆမိပါတယ်.. မကျေနပ်တာရှိရင်တော့ ကျနော့ကို တိုက်ရိုက် မေးလ်ပို့ပြီး ပြောပါ. ကျနော် ချက်ချင် ပြန်ဖြုတ်ပေးပါ့မယ်..


အသုံပြုပုံကို အောက်မှာ ပုံလေးများနဲ့ ပြထားပါတယ်..



အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. မြန်မာ၃ ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို
မြင်နိုင်အောင်


Desktop >> Right Click >> Properties>> Appearance Tab
>> click the Advanced button
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် မြန်မာ၃ ပြောင်းပေးထားဖို့တော့လိုပါမယ်..
နောက်ပြီး .Net Framework 2.0 ရှိမှ ဖွင့်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့်
.Net Framework 2.0 မတင်ထားတဲ့ စက်တွေ အတွက် ဒေါင်းလုဒ်လုပ်လို့ရအောင် လင့်ကို ဖော်ပြပေးလိုက်ပါတယ်..

Post a Comment

أحدث أقدم