'' ကွန်ပျူတာအသုံးပြူသူတွေ့ အနေနဲ့နေ့စဉ်ထိတွေ့ အသုံးပြုနေရတဲ့ကွန်ပျူတာတစ်လုံးကိုစွမ်းဆောင်ရည်မြင့်အသုံးပြု ချင်တယ်ဆိုရင်တော့နေ့
စဉ်ပြုလုပ်သင့်တဲ့အသေးစားပြင်ဆင်မှုလေးတွေ့ရှိပါတယ်။အဆိုပါအသေးစားပြင်ဆင်မှုတွေ့ ဟာလူတိုင်းလုပ်ဆောင်နိုင်တဲ့ကိစ္စရပ်တွေ့ ဖြစ်ပြီး၊
အချိန်အများကြီးပေးကာလုပ်ဆောင်ရမယ့်ကိစ္စ၇ပ်မျိုးတွေ့ လည်းမဟုတ်ပါဘူး။ဒါကြောင့်ပြင်ဆင်မှုအသေးအစားလေးတွေ့ ကိုနေ့စဉ်ပြုလုပ်
သွားခြင်းအားဖြင့် Performance ကောင်းမွန်ပြီး၊မြန်ဆန်တဲ့ကွန်ပျူတာတစ်လုံးကိုသင်အသုံးပြုရပါလိမ့်မယ်''။
၁။ Disk Cleanup ကိုပြုလုပ်ပေးပါ။
Disk Cleanup ဆိုတာကတော့ Windowns မှာပါဝင်တဲ့ feature ဖြစ်ပါတယ်။ကွန်ပျူတာရဲ့ HarDisk တွေ့ ကိုသန့်၇ှင်းရေးပြုလုပ်ပေးတာဖြစ်ပြီးမလိုအပ်တဲ့ဖိုင်
တွေ ကိုလည်းရွေးချယ်ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။နေ့စဉ်ပြုလုပ်တဲ့စက်တွေ့ အတွက်တော့မြန်ဆန်တဲ့အချိန်တခဏအတွင်းမှာပြီးဆုံးနိုင်ပြီးပုံမှန်ပြုလုပ်ခြင်းမရှိတဲ့စက်တွေအ
တွက်တော့အချိန်အနည်းငယ်ကြာမြင့်နိုင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့ကြာမြင့်နိုင်ပါတယ်။အကျိုးကျေးဇူးအနေနဲ့ကတော့ Hard Disk
ရဲ့နေရာလွတ်တွေ့ ပိုမိုရရှိနိုင်ပြီး၊အသုံးမလိုတဲ့ဖိုင်တွေ့ အတွက်နေရာပေးစရာမလိုတော့ဘူးဖြစ်ပါတယ်။
၂။ Disk Error Checking စစ်ဆေးပေးပါ။
ဒီကိစ္စရပ်ကတော့အချိန်အနည်းငယ်ပေးရပါတယ်။ OS ပါဝင်တဲ့Disk အတွက်ဆိုရင် Reboot ပြန်လုပ်ပေးရတဲ့အတွက်အားလပ်တဲ့အချိန်တွေ မှာသာပြုလုပ်သင့်ပါတယ်။ Disk Error Checking ဟာလည်း Window မှာတပါတည်းပါဝင်လာတဲ့ feature တစ်ခုဖြစ်ပြီးအသုံးပြုရတာအလွန်လွယ်ကူပါတယ်။ ဒီအပိုင်းကတော့မိမိ hard Disk ရဲ့ error တွေ
ကိုစစ်ဆေးပေးမှာဖြစ်ပြီးလိုအပ်တဲ့ပြင်ဆင်မှုတွေကိုပါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
၃။ Disk Defragment ကိုပြုလုပ်ပေးပါ။
Windows မှာပါဝင်လာပြီးသား feature တစ်ခုဖြစ်ပါတယ်။အရပ်စကားအနေနဲ့ ဖိုင်စီတဲ့အပိုင်းလို့ခေါ်ကြတဲ့ Defragment ဟာကွန်ပျူတာကို လျှင်မြန်စွာအ
သုံးပြုနိုင်ဖို့အတွက် အထောက်အကူများစွာပေးအပ်နိုင်ပါတယ်။ Windows XP မှာပါဝင်တဲ့ Defragment စနစ်ဟာအလွန်အဆင်ပြေတဲ့ ပုံစံရှိပြီး ၊ Vista နဲ့ 7 အရောက်မှာတော့ Defragment ဟာသုံးစွဲသူတွေ့ အတွက်စိတ်တိုင်းကျ စရာပုံစံမရှိတော့ပါဘူး။ ဒါကြောင့်Integrated Defragment Software တွေ့ ကိုထည့်သွင်းသုံးစွဲနိုင်ပါတယ်။
၎။ Temp File တွေ့ ကိုရှင်းလင်းပေးပါ။
Temp file တွေ့ ဆိုတာကတော့ hard Disk တွေ ထဲမှာနေရာတွေ ပေးထားရပြီးမလိုအပ်တဲ့ဖိုင်တွေ့ ဖြစ်ပါတယ်။အဆိုပါဖိုင်တွေ ကိုဖျက်ပစ်ဖို့အတွက် Run
ကနေ temp နဲ့ % temp % ရိုက်ပြီးပေါ်လာတဲ့ဖိုင်တွေ ကိုဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။အချို့ဖိုင်တွေ အနေနဲ့တော့ ဖျက်လို့မရနိုင်တဲ့အတွက် Skip ပြုလုပ်ရမှာဖြစ်ပါတယ်။ hard Disk တွေ့ ကိုနေရာလွတ်များစွာပေးနိုင်မယ့်လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
၅။ စက်နဲ့ကိုက်ညီတဲ့ Anti-virus Program ကိုအသုံးပြုပေးပါ။
ဒီဘက်ခေတ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ Anti-Virus Program တွေ့ ဟာကွန်ပျူတာတိုင်းအတွက်မ၇ှိမဖြစ်လိုအပ်တဲ့ အရာတွေ ဖြစ်လာပါတယ်။
Anti-Virus Program ကိုအသုံးပြုတဲ့နေရာမှာတော့ မိမိစက်နဲ့ ကိုက်ညီတဲ့ Anti-Virus Program ကိုအသုံးပြုခြင်းဟာအကောင်းမွန်ဆုံးသောကိစ္စရပ်ပဲဖြစ်ပါတယ်။ Anti-Virus Program တွေ ဟာလုပ်ဆောင်မှုကိစ္စရပ်တွေ အလွန်များတဲ့အတွက် Hardware လိုအပ်ချက်တွေ့ ရှိမယ်ဆိုရင်စက်ရဲ့ Performance ကိုထိခိုက်နိုင်ပါတယ်။
၆။ Anti-Virus Program ကို Udate ဖြစ်အောင်ပြုလုပ်ထားပါ။
စက်အတော်များများမှာမြင်တွေ့ ရတဲ့ကိစ္စရပ်တစ်ခုကတော့ Anti-Virus Program တွေ တင်ထားပြီး ၊ Update ပြုလုပ်ခြင်းမရှိတာဘဲဖြစ်ပါတယ်။ Update
မဖြစ်တဲ့ Defination File တွေ့ ကြောင့် Virus များစက်အတွင်းကိုဝင်ရောက်လာနိုင်ပြီး စက်ရဲ့လုပ်ဆောင်ချက်တွေ့ ကိုများစွာထိခိုင်နိုင်ပါတယ်။ ဒါကြောင့်မို့တစ်ရက်တစ်ကြိမ် Update မပြုလုပ်ဖြစ်ရင်တောင်တစ်ပါတ်တစ်ကြိမ်တော့အနည်းဆုံးပြုလုပ်သင်းပါတယ်။
၇။ Registry ကိုအမြဲစစ်ဆေးပေးပါ။
Registry file တွေ ဟာကွန်ပျူတာတစ်လုံးရဲ့အဓိက လုပ်ဆောင်ချက်တွေ ဖြစ်သလို့သတိထားစောင့်ကြည့်သင့်တဲ့ကိစ္စရပ်ထဲ မှာပါဝင်ပါတယ်။ Registry
ကိုစစ်ဆေးဖို့အတွက်ဆော့ဖ်ဝဲ တွေ များစွာရှိပြီး၊ ပုံမှန်မနေ နဲ့ တစ်နေ့ကိုတစ်ကြိမ် အမြဲစစ်ဆေးသင့်ပါတယ်။
ကိုစစ်ဆေးဖို့အတွက်ဆော့ဖ်ဝဲ တွေ များစွာရှိပြီး၊ ပုံမှန်မနေ နဲ့ တစ်နေ့ကိုတစ်ကြိမ် အမြဲစစ်ဆေးသင့်ပါတယ်။
၈။ Shared Folder တွေကိုသတိပြုပါ။
Network ချိတ်အသုံးပြုတဲ့ကွန်ပျူတာ များအတွက်တော့ Shared Folder တွေ ဟာစက်ကိုလေးလံမှုဖြစ်စေပါတယ်။ အကြောင်းရင်းကတော့အခြားစက်တွေအနေနဲ့ ကွန်ပျူတာရဲ့ Shared Folder တွေ့ ကိုဆွဲယူခြင်းဖြင့် စက်ရဲ့ လုပ်ဆောင်မှု လေးလံတဲ့ကိစ္စရပ်တွေ့ ကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့် မလိုအပ်တဲ့ ဖိုင်တွေ ကို Shared မပြုလုပ်ခြင်းဖြင့် ကာကွယ်သင့်ပါတယ်။
၉။ System Care Software များကိုအသံုးပြုပါ။
ဒါဟာလည်းကွန်ပျူတာ တစ်လုံးအတွက် မရှိမဖြစ်ထည့်သွင်း သင့်တဲ့ ဆော့ဖ်ဝဲ တွေ ဖြစ်ပါတယ်။ CCleaner, Registry Mechanic နဲ့ Tune-up အစရှိ Utility ဆော့ဖ်ဝဲ တွေ ဟာစက်ရဲ့ လုပ်ဆောင်ချက်ပိုင်းတွေ ကိုများစွာ အထောက်အကူပြုနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်အသုံးပြုခြင်းဖြင့် စက်ရဲ့
Performance ပိုင်းကိုသိသာစွာမြင့်တက်စေပါလိမ့်မယ်။
၁၀။ Hardware ပိုင်းကိုဂရုပြုစစ်ဆေးပါ။
ကွန်ပျူတာ တစ်လုံးရဲ့ Hardware ပိုင်းဟာလည်းအရေးပါတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။စက်တစ်လုံးရဲ့ အရည်အသွေးဟာ အမျိုးမျိုးရှိနိုင်ပြီး၊ စက်ရဲ့လုပ်
ဆောင်ချက်ပိုင်းကတော့ System ရဲ့ကောင်းမွန်မှု နည်းတူ Hardware ရဲ့ Error ကင်းရှင်းမှု အပေါ်မှာလည်းမှုတည်နေပါတယ်။ ဒီအတွက်ကြောင့် Hardware နဲ့ပတ်သက်တဲ့အသေးစိတ်အချက် တွေ ကိုသိထားသင့်ပြီး Hardware Driver တွေကအစ မှန်ကန်နေဖို့လိုအပ်ပါလိမ့်မယ်။